လက်ပံပွင့်သွားကောက်ကြရအောင် နော်။
ခံစားမှုတစ်ခုခုတော့ ရမှာပါ။
လက်ပံပွင့်ကောက်
===========(လွမ်းချင်း)
လာဟေ့ဒွါး၊
သွားကောက်ချည်စို့၊
ပွင့်ခြောက်ကယ်အနားလန်၊
ဆက်ရက်ကယ်ညံ၊
ပင်လက်ပံ ကြွေချိန်ကျပြီမို့၊
မိဇံလှ - နင်လိုက်ဦးမလား၊
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊
ပေါင်းလန်မှပြန်ကြမယ်လေး ။ ။
အရီးသာလုံး၊
ကြေးကိုင်တုန်းက၊
တို့အိမ်တောင်ကြန်စုံကုန်း၊
တနေ့တုန်းကလဲကာသေ၊
သားရေနှင့်အမဲနံ၊
လက်ပံနှင့် ချိုင်ရလျှင်၊
ကျိုနိုင်လေမွမွပျောင်းတာမို့၊
ပြောင်းဆန်အို မျိုမကျရယ်နှင့်၊
မြိန်လှတယ်လေး ။ ။
__________
ဦးဆောင်း
လွမ်းချင်းတွေကို ရေးသားတာက ဦးကြီးပါ ဦးကြီးလွမ်းချင်းတွေကို ဦးဆောင်းက ရုပ်သေးသီချင်းလုပ်ပါတယ် နောက်ပိုင်း ဦးကြီးကို မသိတော့ပဲ ဦးဆောင်းရေးတယ်လို့ထင်လာပါတယ်
ReplyDeleteတကယ်တော့့ ဦးဆောင်းက ကဗျာ လွမ်းချင်းတွေကို မရေးပါဘူး ဦးကြီးက သာ လွမ်းချင်းတွေ ရေးသားပါတယ်